Friday, July 15, 2016

劉家昌 往事只能回味演唱會

မြမန်းဂီရိ

။ဘုန်းတော်ဘွဲ့ ယိုးဒယား။ မြမန်းဂီရိ သေလာတောင်။ နန်းတည်ထောင် ဘုန်းရောင်နေသို့ လင်း။ နောင်ညီကို-ရွှေဘိုနွယ်တော်ရင်း။ ရာဆူဆူ -ပြည်သူခ၀ပ်စင်း။ ရွှေဘုန်းတော် -နှုန်းလျှော်စံပျော်ခင်း။ တေဇာတိုးလို့ ဖြိုးဝေ။ မန်းဌာနေ-အေင်ဇေယျာပြည်မင်း။ ။ပြောင်လူးနာဂ ရုစာ။ သော်တာငွေလျှံ။ မျိုးမြတ်ဆဒ္ဒန် ။ ရွှေနန်းဘုံတော်။ ရောက်ရာရွှေကိုယ်တော် ။ပြည်တော်နိုင်ငံ ရွှေဘုံတွင်း။ ဆန်းမူရာ သူဇာရွေခပင်း ။ရွှေဘုန်းတော်နှုန်းလျော်စံပျော်ခင်း။ တေဇာတိုးလို့ ဖြိုးဝေ။ မန်းဌာနေ ၊အောင်ဇေယျာပြည်မင်း။