Monday, October 24, 2016

ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်ခရီးထွက်မယ်

ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်ခရီးထွက်မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ သိထားသင့်တဲ့ ခရီးသွားဒေသလေးတွေအကြောင်းကို ဗဟုသုတအနေနဲ့ နွေအိမ် စာမျက်နှာမှ တင်ပြပေးချင်ပါတယ်။ ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တာကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး အကြမ်းအားဖြင့် ပြောဆိုကြပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဟာ တောင်ကြီးမြို့ ဖြစ်ပြီး တောင်ပိုင်းမှာ တည်ရှိပါတယ်။ ဒါကြောင့် မြောက်ပိုင်းအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေအတွက် ရှမ်းပြည် မြောက်ပိုင်းမှ လားရှိုးမြို့ မှာလည်း အစိုးရရုံးစိုက်ပါတယ်။ တောင်ကြီးမြို့ကနေ အရှေ့ဖက်ကို ဆက်သွားမယ်ဆိုရင်တော့ ကျိုင်းတုံ တာချီလိတ် မှ တဆင့် ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ မယ်ဆိုင်ကို ရောက်မှာဖြစ်ပြီး လားရှိုးမြို့ကနေ အရှေ့ဖက်ကို ခရီးဆက်မယ် ဆိုရင်တော့ တရုပ်နိုင်ငံရဲ့ နယ်စပ်မြို့ မူဆယ်ကို ရောက်မှာ ဖြစ်ပါတယ်။ ကဲ ရှမ်းပြည်တောင်ပိုင်းကို ဘယ်လို လည်ပတ်ကြမလဲဆိုတာ ပြောကြရအောင်။ ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်လာဖို့အတွက် လေကြောင်းခရီးကို ရွေးချယ်မယ်ဆိုရင်တော့ သင်ဟာ ဟဲဟိုးမြို့ကို အရင် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဟဲဟိုးမြို့လေးကနေ သင်တည်းခိုလိုတဲ့ မြို့ဆီကို ကားနဲ့ ခရီးဆက်ရပါမယ်။ သက်တောင့်သက်သာရှိပေမယ် ကုန်ကျစရိတ်များတဲ့ လေကြောင်းခရီးစဉ်ကို မရွေးချယ်ပဲ ကားနဲ့ပဲ ခရီးသွားမယ်ဆိုရင်တော့ မိတ်ဆွေတို့ စတင်ထွက်ခွာလာမယ့် မြို့ (ရန်ကုန်၊ မနလေး) အပေါ် မူတည်ပြီး ခရီးလမ်းမှာ ကြာချိန် ကွာခြားပါလိမ့်မယ်။ ကားလမ်းခရီးနဲ့ ရှမ်းပြည်တောင်ပိုင်းကိုလာခဲ့ရင် ရန်ကုန် - တောင်ကြီး Express တွေရဲ့ ကားမောင်းချိန်ဟာ ၁၂ နာရီဝန်းကျင်မှာ ရှိပြီး မနလေး - တောင်ကြီး ကတော့ ၈ နာရီ ၀န်းကျင်ရှိပါတယ်။ ကိုယ်ပိုင်ကားလေးတွေရဲ့ မောင်းချိန်ဟာလည်း ဘတ်စ်ကားကြီးတွေ မောင်းချိန်ထက် နာရီအများကြီး မလျော့ပါဘူး။ ရန်ကုန်နဲ့ မနလေးကနေ တောင်ကြီးကို ထွက်တဲ့ Express တွေကတော့ ညပိုင်းအပြင် မနက်ပိုင်း ရှစ်နာရီ ကိုးနာရီမှာ ထွက်တဲ့ ကားတွေ ရှိပါတယ်။ မနက်ပိုင်းထွက်တဲ့ ကားတွေကိုစီးဖို့ မိတ်ဆွေတို့မှာ အချိန်ရခဲ့ရင်တော့ ရှမ်းပြည်တောင်ပိုင်းရဲ့ လမ်းမကြီးတလျောက်က ညနေ ရှုခင်းတွေကို မြင်ခွင့်ရပြီပေါ့။ ကိုယ့်ကားနဲ့ ကိုယ် လာကြမယ့် မိတ်ဆွေတွေအတွက်ကတော့ တည်းခိုမယ့် မြို့ပေါ် မူတည်ပြီး အိမ်ကနေ စထွက်မယ့် အချိန်ကို ဆုံးဖြတ်နိုင်ပါတယ်။ ရန်ကုန် - ကလော ကားမောင်းချိန်ဟာ ၉ နာရီကနေ ၁၀ နာရီ ၀န်းကျင် ဖြစ်ပြီး မနလေး - ကလော ကတော့ ၅ နာရီခွဲကနေ ၆ နာရီကြာပါတယ်။ ကလောမြို့လေးဟာ ဗြိတိသျှ အစိုးရရဲ့ နွေစခန်းမြို့ ဖြစ်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ မုဒ်ဦး ဖြစ်ပါတယ်။ ကလောကနေ တောင်ကြီး ဒါမှမဟုတ် အင်းလေးကန် အစပ်က ညောင်ရွှေမြို့ဆီ ကားမောင်းချိန်ကတော့ တစ်နာရီခွဲမှ နှစ်နာရီ ၀န်းကျန်ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းကို နေ့ တစ်ဝက်အတွင်း အရောက်လာနိုင်ခဲ့ပြီဆိုပြီး ကျေနပ်မနေပါနဲ့ဦး မိတ်ဆွေတို့။ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ခရီးသွားစရာ အထင်ကရ နေရာတွေကို စုံစေ့အောင်ရောက်ဖို့ အနည်းဆုံး အချိန် ၂ ရက် ပေးရပါဦးမယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ ပေးနိုင်တဲ့ အချိန်အတွင်းမှာ ရှမ်းပြည်တောင်ပိုင်းက ဘယ်ဒေသတွေကို ဦးစားပေး လည်ပတ်မလဲလို့ ကြိုတင် စီစဉ်နိုင်အောင် ဒီ ပိုစ့်လေးကို ဆက်ဖတ်ပြီး တင်ပေးထားတဲ့ မြေပုံလေးကို လေ့လာရင်း ခရီးစဉ် ဆွဲပေါ့ဗျာ။ ဒါမှ Planning make perfect ဆိုတဲ့ သိုးဆောင်း စကားပုံလေးအတိုင်း ကျင့်သုံးပြီး အစီအစဉ် သေခြာဆွဲခဲ့နိုင်ရင်တော့ အပန်းဖြေခရီးလေးမှာ အစစအရာရာ အဆင်ပြေတာပေါ့။ ကလော ------ မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်း သာမိုင်းခမ်းနယ်ထဲက ကလော ဆိုတဲ့ ရွာကလေးကို ဗြိတိသျှတို့က မြန်မာပြည်ရဲ့ စကော့တလန် ဒေသလို့ တင်စားပြီး နွေစခန်းမြို့လေးအဖြစ် ၁၉ ၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ လေးထောင့်သုံးရာကျော် မြင့်တဲ့ တောင်ပေါ်မြို့လေးကို ထင်ရှုးပင်တွေ ၀က်သစ်ချပင်တွေ ချယ်ရီပင်တွေ ရှိတဲ့ တောင်ကုန်းတောင်တန်းတွေက ၀န်းရံထားပါတယ်။ ကိုလိုနီခေတ်ကတည်းက စိတ်ကူးယဉ်စရာကောင်းတဲ့ မြို့ရယ်လို့ နာမည်ကြီးခဲ့တဲ့ မြို့ သေးသေးလေးမို့ နိုင်ငံခြားသား ခရီးသွားတွေ မပြတ်ရှိနေတာပေါ့။ ကလောမြို့လေးမှာ လည်ပတ်စရာ နေရာကတော့ သိပ်များများ မရှိလှပါဘူး။ အင်းဝခေတ် လက်ရာလို့ ပညာရှင်တွေက ယူဆထားတဲ့ ရှေးဟောင်း နှီးဘုရား နောက်ပြီး ရွှေဥမင် လှိုင်ဂူတော်၊ မြို့ ရှုခင်းကြည့်ဖို့ သိမ်တောင်ကျောင်းနဲ့ တောင်ပေါ် ဟိုတယ်၊ ရှမ်းတောင်တန်းတွေပေါ်က နေ၀င်ဆည်းဆာကို ကြည့်ဖို့ ပလောင်တောင် ဗျူးပွိုင့် သည်လောက်ပါပဲ။ ကလောမြို့လေးဟာ အခုဆိုရင် Trekking လို့ ခေါ်တဲ့ ခြေလျှင်ခရီးလျှောက်ရင်း တောင်ပ်ါရှုခင်းနဲ့ ကျေးရွာတွေဆီ လည်ပတ်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားမှု မြင့်တက်လာတဲ့ နေရာလေး ဖြစ်နေခဲ့ပါပြီ။ ကလောမှာ Trekking သွားချင်ရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ခ်တွေကနေ တဆင့် လေ့လာ စုံစမ်းနိုင်ပါတယ်။ https://mobile.facebook.com/yemin.tun.777 https://mobile.facebook.com/TrekkingInformationCenterMyanmar/posts/995746030532920 မြင်းမထိဂူ ------- မြင်းမထိဂူလို့ အမည်တွင်တဲ့ သဘာဝ ထုံးကျောက်လှိုင်ဂူကတော့ ကလောမြို့ အရှေ့ဖက်မှာ တည်ရှိပြီး ၇ မိုင် အကွာမှာ တည်ရှိပါတယ်။ ကလောကနေ အောင်ပန်းကို အသွား တိုးဂိတ်အကျော် ညာဖက်က လွိုင်ကော်သွားတဲ့ လမ်းပေါ်မှာ တည်ရှိပါတယ်။ တဖက်ပိတ် လှိုင်ဂူ မဟုတ်ပဲ အ၀င်ဝနဲ့ အထွက်ပေါက် တဖက်ဆီဖြစ်ပြီး လှိုင်ဂူအတွင်း လမ်းလျှောက်ချိန် နာရီဝက်လောက် ကြာပါလိမ့်မယ်။ အောင်ပန်း ------- ကလောမြို့ ကနေ တောင်ကြီးကို ဆက်သွားမယ်ဆိုရင်တော့ ကလောအကျော် ၆ မိုငမှာ အောင်ပန်းကို ရောက်ပါလိမ့်မယ်။ အောင်ပန်းဒေသဟာ ကလောမြို့ တည်နေစဉ်အတွင်းမှာ စည်ကားလာတဲ့ ရှမ်းမြေလတ်ဒေသ ဖြစ်တဲ့အတွက် ဗြိတိသျှတို့က ကုန်သွယ်ရေးမြို့ အဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိလည်း ရှမ်းပြည်တောင်ပိုင်းရဲ့ ကုန်စည်တွေ စုပေါင်းစီးဆင်းရာ မြို့ အဖြစ် ရပ်တည်နေပါတယ်။ ပင်းတယ ------ ပင်းတယ ဆိုတဲ့ စကားဟာ ရှမ်းဘာသာစကားအရ လွင်ပြင်ရယ်လို့ ဆိုကြပါတယ်။ ရှမ်းတောင်တန်းတွေရဲ့ ကြားထဲမှာ တည်ရှိနေတဲ့ လွင်ပြင်ထဲမှာ တည်ထားတဲ့ မြို့လေးဖြစ်တာမို့ ပင်းတယ ရယ်လို့ မည်တွင်ခဲ့ပါသတဲ့။ ပင်းတယမြို့ဟာ အောင်ပန်းမြို့ရဲ့ မြောက်ဖက် ၂၄ မိုင်အကွာမှာ တည်ရှိပြီး ရန်ကုန်-တောင်ကြီး ကားလမ်းကနေ ဘယ်ဖက်ကို ခွဲထွက်သွားရပါတယ်။ မြို့ အ၀င်မှာတော့ ဘုတ်တလုပ်ကန်ရှိပြီး ကန်အတိုင်း တပတ်ပတ်သွားရင်တော့ ပင်းတယ လှိုင်ဂူ အတက်လမ်းကို ရောက်ပါတယ်။ နိုင်ငံခြား ခရီးသွား တချို့ကတော့ ရှမ်း မှိုင်းခံစက္ကူ လုပ်ငန်းနဲ့ ရိုးရာ စက္ကူ ထီးလုပ်ငန်းတွေကို လေ့လာဖို့ ငှက်ပျောတောရွာကိုလည်း သွားလေ့ရှိကြပါတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ပင်းတယမြို့ကနေ ၃ မိုင်လောက် ဆက်သွားရတဲ့ ကုံလုံကျောင်းတိုက်ကို သွားလေ့ရှိကြပါတယ်။ ကုံလုံကျောင်းတိုက်မှာ စဥ့်ရည်သုတ်လိမ်းထားတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်နဲ့ ဆရာတော်ဘုရားကြီး ရဲ့ ဖယောင်းရုပ်တုကို ဖူးမျှော်လေ့လာနိုင်ပါတယ်။ အောင်ပန်းကနေ ပင်းတယကို အသွား ၁၁ မိုင် အကွာမှာတော့ ရွာငံနဲ့ ဟန်မြင့်မိုရ် ဖက်ကို သွားတဲ့ ကျုံးဆိုတဲ့ လမ်းခွဲလေး ရှိပါတယ်။ ပင်းတယဖက်ကို မသွားပဲ ရွာငံလမ်းဖက်ကို ကွေ့သွားမယ်ဆိုရင်တော့ မိန်းမရဲတောင်၊ တောကျယ်ရေတံခွန်နဲ့ ရေပြာအိုင် (ကျုံး လမ်းခွဲမှ ၁၁ မိုင်ခန့်)၊ အလယ်ချောင် ရေတံခွန် အစရှိတဲ့ နေရာတွေဆီ ရောက်ပါလိမ့်မယ်။ ကျုံး - ရွာငံလမ်းရဲ့ နံဘေးမှာ တည်ရှိတဲ့ မိန်းမရဲတောင်ဟာ ရှုခင်းတွေကြောင့် ကျော်ကြားပါတယ်။ တောကျယ် ရေတံခွန်နဲ့ ရေပြာအိုင်ကတော့ သဘာဝ အလှနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ အလယ်ချောင် ရေတံခွန်ကတော့ ပျော်ပွဲစား ထွက်ဖို့ နေရာကောင်းလေးပါပဲ။ ဟဲဟိုး ----- ရှမ်းပြည်တောင်ပိုင်းဆီကို လာကြတဲ့ ခရီးသွားများ အများဆုံးအသုံးပြုတဲ့ လေယာဉ်ကွင်းကတော့ ဟဲဟိုးလေယာဉ်ကွင်းပါပဲ။ ဟဲဟိုးမြို့လေးဟာ အောင်ပန်းနဲ့ ၁၅ မိုင် ကွာဝေးပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ဒေသထုံးစံ ၅ ရက် တဈေးနေ့ ဟဲဟိုးမှာ ကျရောက်ခဲ့ရင်တော့ ဒေသ ဈေးနေ့နဲ့ လာရောက် ရောင်းဝယ်ဖောက်ကားတဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့ကို သင် မြင်တွေ့ လေ့လာနိုင်မှာ သေခြာပါတယ်။ ရှမ်းပြည်တောင်ပိုင်းရဲ့ ၅ ရက် တစ်ဈေးကျ ဈေးနေ့တွေ အကြောင်းတော့ ပိုစ့် ဆုံးခါနီးရင် မိတ်ဆွေတို့ ဖတ်ရပါလိမ့်မယ်။ ရွှေညောင် ------- ရွှေညောင်မြို့ဟာ ရှမ်းပြည်တောင်ပိုင်းရဲ့ ရထားလမ်းဆုံး မြို့လေး တစ်မြို့ ဖြစ်ခဲ့ပြီး ကားနဲ့ ခရီးသွားကြတဲ့သူတွေအတွက်တော့ အဝေးပြေးလမ်း နံဘေးက သာမာန်မြို့လေး တစ်မြို့ ပါပဲ။ ရွှေညောင်မြို့လေးဟာ ဟဲဟိုးနဲ့ ၁၀ မိုင်လောက်ပဲ ဝေးပါတယ်။ ရွှေညောင်ကနေ တောင်ဖက်ကို ခွဲထွက်သွားတဲ့ လမ်းကလေးအတိုင်း ၇ မိုင်လောက် ကားမောင်းလိုက်ရင်တော့ အင်းလေးကန်ကို မေးတင်ထားတဲ့ ညောင်ရွှေမြို့လေးဆီ ရောက်ပါပြီ။ ညောင်ရွှေ ------- သတင်းမွှေးတဲ့ အင်းလေးရဲ့ ကန်စပ်မှာ တည်ရှိတဲ့ ညောင်ရွှေမြို့လေးဟာ ဟိုတယ်တွေနဲ့ ပြည့်နေတဲ့ မြို့ လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံခြားသား ခရီးသွားတွေ အများဆုံးလာတဲ့မြို့ နှစ်မြို့ဟာ ကလောနဲ့ ညောင်ရွှေပါပဲ။ ဟဲဟိုးကနေ ညောင်ရွှေကို သွားမယ်ဆိုရင် ကားလမ်းက နှစ်လမ်းရှိပါတယ်။ ဟဲဟိုး - ခေါင်တိုင် - ညောင်ရွှေ လမ်းက ဟဲဟိုး - ရွှေညောင် - ညောင်ရွှေ လမ်းထက် လေးမိုင်လောက် ပိုတိုပါတယ်။ ဘယ်လမ်းကနေ လာခဲ့လာခဲ့ ညောင်ရွှေ ရောက်ပြီဆိုရင်တော့ ကုန်းပေါ်ကနေ ရေထဲဆင်းရပြီပေါ့။ အင်းထဲမှာ စက်လှေနဲ့ လျှောက်လည်ပြီဆိုရင် အချိန် သုံးနာရီလောက်တော့ အသာလေး ကုန်ပြီး ညနေပိုင်းဆို အင်းရေပြင်မှာ လေထန်တတ်လို့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းဟာ လည်ပတ်ဖို့ အချိန်ကောင်းပါ။ တောင်ကြီး ------- ရွှေညောင်ကနေ ညောင်ရွှေ (အင်းလေး) ဖက်ကို မချိုးကွေ့ပဲ နောက်ထပ် ၁၂ မိုင်လောက် မောင်းလိုက်ရင်တော့ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးကို ရောက်ပါပြီ။ ပြည်နယ်မြို့တော် ပီသစွာပဲ စည်ကားလှတဲ့ မြို့တော်ကြီးကို မြစိမ်းတောင်ထိပ်ပေါ်ကနေ တက်ကြည့်ပြီးရင် စပ်စံထွန်းဈေးကြီးမှာ ဈေးဝယ်ထွက်နိုင်ပါပြီ။ နာမည်ကျော် တောင်ကြီး မီးပုံးပျံပွဲတော်ကာလဆိုရင်တော့ မိတ်ဆွေတို့အတွက် တောင်ကြီးညတွေဟာ လှပနေမှာ သေခြာပါတယ်။ မွေတော်ကက္ကူ နဲ့ ထန်စန်းဂူ -------------------- တောင်ကြီးမြို့ အထွက် တောင်ဖက်ကို ၂၄ မိုင် ကားမောင်းလိုက်ရင်တော့ အင်းဝခေတ်ကတည်းက တည်ရှိခဲ့တဲ့ မွေတော်ကက္ကူ စေတီတွေဆီကို ရောက်မှာဖြစ်ပြီး မြို့ အထွက်ကနေ မြောက်ဖက် ၂၄ မိုင် ကားမောင်းလိုက်ရင်တော့ ဟိုပုံးမြို့ အကျော်က ထန်စန်းဂူ ဆီကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မွေတော်ကက္ကူ ဟာ ပြန်လည်ပြုပြင်ထားတဲ့ ရှေးဟောင်းဘုရားစေတီတွေဖြစ်ပြီး ဘုရားကုန်းအကျော်က ရှုခင်းတွေဟာလည်း လှပလွန်းပါတယ်။ ထန်စန်းဂူကတော့ ပင်းတယနဲ့ ကလောရွှေဥမင်တို့လို ထုံးကျောက်လှိုင်ဂူတစ်ခု ဖြစ်ပေမယ့် ပိုပြီး ကျယ်ဝန်းကာ အသက်ဝင်ဆဲ ထုံးကျောက်လှိုင်ဂူတခုလည်း ဖြစ်ပါတယ်။ ပင်းတယနဲ့ ကလော ရွှေဥမင်လှိုင်ဂူတွေကတော့ ကျောက်စက်တိုင်ခေါ် ထုံးရည်ကြောင့် ဖြစ်လာတဲ့ ကျောက်သား အသစ်များ ဆက်လက် မဖြစ်ပေါ်တော့ပဲ သေဆုံးသွားခဲ့တာ နှစ် တော်တော် ကြာခဲ့ပါပြီ။ ရှမ်းပြည်တောင်ပိုင်းက ထူးခြားတဲ့ ဓလေ့တစ်ခုကတော့ ငါးရက် တစ်ဈေးခေါ်တဲ့ ဈေးနေ့ပါပဲ။ ဒီလိုဈေးနေ့မျိုးမှာဆိုရင် ဈေးနေ့ကျတဲ့ မြို့လေးရဲ့ ရွာနီးစပ်ချုပ်က ခြံစိုက်သူတွေဟာ သူတို့ရဲ့ ခြံကထွက်တဲ့ သီးနှံတွေကို ရောင်းဝယ်ဖောက်ကားပြီး သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ခြမ်းသွားလေ့ရှိပါတယ်။ မြို့ ၅ မြို့ကို အလှည့်ကျ ဈေးနေ့လုပ်ထားတော့ ကလောဈေးနေ့ ပြီးရင် ပင်းတယဈေးနေ့ ဖြစ်သွားပါတယ်။ နောက်နေ့ကျတော့ အောင်ပန်းအလှည့်ဖြစ်ပြီး နောက်တစ်ရက်မှာ နန်းတိုင်းပါ။ ငါးမြို့ ပြည့်သွားတော့ ကလောအလှည့် ပြန်ရောက်လာပါတယ်။ သည်လို ၅ ရက်မြောက်တိုင်း ဈေးနေ့ဖြစ်ပေမယ့် လပြည့် လကွယ်တွေနဲ့ တိုက်သွားတဲ့ ဈေးနေ့ဆိုရင် ရှေ့ တစ်ရက်တိုးပြီး ဈေးနေ့လုပ်လိုက်ပါတယ်။ ဒါမျိုးဖြစ်တဲ့နေ့ဆို ဈေးပျက်ကြီးလို့ ဒေသခံတွေက ခေါ်လေ့ရှိပါတယ်။ ဘာလို့ ဈေးပျက်လို့ ခေါ်တာလည်းဆိုတော့ တခြားမြို့ရဲ့ ဈေးနေ့နဲ့ သွားထပ်နေတော့ ဈေးစဉ်လှည့်ရောင်းနေတဲ့ တချို့ ဈေးသည်တွေဟာ ပုံမှန်ဈေးနေ့ကျတဲ့ မြို့ မှာပဲ သွားရောင်းကြတော့ ဈေးသည်မစုံ ဖြစ်ရတာကိုး။ ၅ ရက် တစ်ဈေးလှည့်နေတဲ့ မြို့တွေကတော့ ကလော - ပင်းတယ - ဟဲဟိုး - အောင်ပန်း - နန်းတိုင်း တို့ ဖြစ်ပါတယ်။ အပေါ်မှာ ရေးထားတဲ့ ရှမ်းပြည်တောင်ပိုင်းက လည်ပတ်စရာ မြို့ တွေရဲ့ စာရင်းမှာ နန်းတိုင်း မပါတာကတော့ သူက လွိုင်ကော် အသွားလမ်းဖက်မှာ ရောက်နေလို့ပါ။ ကဲ ရှမ်းပြည်နယ် တောင်ပိုင်းက လည်ပတ်စရာနေရာတွေအကြောင်းကို သိသွားပြီဆိုတော့ ခရီးစဉ်ကောင်းကောင်း ဆွဲလို့ရပြီပေါ့ဗျာ။ အင်အားများများနဲ့ ရှမ်းပြည်တောင်ပိုင်းဖက်ကို ခရီးထွက်ဖြစ်ခဲ့ရင်တော့ စုစုစည်းစည်း တည်းခိုလို့ရမယ် ကျနော်တို့ရဲ့ နွေအိမ် လုံးချင်း အငှားအိမ်ကလေးကိုလည်း ရွေးချယ်နိုင်ပါတယ်။ နွေအိမ်လေးအကြောင်း သိချင်ရင်တော့ အောက်ဆုံးမှာ ပေးထားတဲ့ link မှာ ဖတ်လို့ရပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ 095129747 ဖြစ်ပါတယ်။ Mobile (စမတ်ဖုန်း နှင့် တက်ဘလက်များမှ ကြည့်ရန် လင့်ခ်): https://mobile.facebook.com/kalaw.nwe.eain/photos/… Computer: https://web.facebook.com/kalaw.nwe.eain/photos/… ကလော နွေအိမ် ရဲ့ စာမျက်နှာ https://mobile.facebook.com/kalaw.nwe.eain https://web.facebook.com/kalaw.nwe.eain Like Like Love Haha Wow Sad Angry CommentShare 1 Benedict Sia Comments Benedict Sia Write a comment...

Sunday, October 02, 2016

ကြာလေလေ ဝေးမှာစိုးတယ် တေးရေး - ကိုလေးလွင် တေးဆို - သန်းဖေလေး

<object width="148" height="44"><param name="movie" value="http://vocaroo.com/player.swf?playMediaID=s16RS8otIJlw&autoplay=0"></param><param name="wmode" value="transparent"></param><embed src="http://vocaroo.com/player.swf?playMediaID=s16RS8otIJlw&autoplay=0" width="148" height="44" wmode="transparent" type="application/x-shockwave-flash"></embed></object><br><a href="http://vocaroo.com" style="font-size:xx-small;" title="Vocaroo Voice Recorder">Audio and voice recording &gt;&gt;</a>

အကြော်စုံပူပူလေး

William Li: Can we eat to starve cancer ? [TED 中文]