Saturday, September 20, 2014

ဆောင်းကြာခြည် တးရေးသူ - အလင်္ကာကျော်စွာရွှေပြည်အေး တေးဆိုသူ - ကြည်ကြည်ဝင်း -

ဆောင်းကြာခြည် Lyric typing by Min Yu on Saturday, May 31, 2014 at 7:13pm တေးရေးသူ - အလင်္ကာကျော်စွာရွှေပြည်အေး တေးဆိုသူ - ကြည်ကြည်ဝင်း - https://soundcloud.com/khinthidakhin/saungkyarchi-kyi-kyi-win ( ဩော် ..... ဆောင်းဆောင်းကြာခြည် ပေါင်း ပေါင်း ပေါင်းဖို့ အချိန်မီ ဣန္ဒနီ စိန်စီခန်းဝသို့ ကြွစေချင်သည် ..... နှမရွှေရင်ဆီ ..... မှန်းမှန်း မှန်းဆနေပြီ ) ၂ [ မှုန်ရီရီ ဆောင်းနှင်းကမကြည် ..... ဖိုးလမင်းတောင် ထွင်းဖောက် အလင်းရောက် မကြည် ..... အို ..... တစ်ကိုယ်ရည် ကြိုနေကြောင်း မညောင်း တောင်းပန်ပေးပါ့ ညအလှ ရာသီ (ဆောင်း)၄ ကြာခြည် ..... ] ၂ ..... ဟိုနေ့ညဆီ ..... ပျိုမေ့မရပြီ တူနှစ်ကိုယ် ရင်ငွေ့မှီ စကားလှလှ အနားကမထ သူပြောပြတော့သည် မောင်လေ ..... ကမ္ဘာမြေပျက်ပြုန်းပါစီ ..... မမုန်းနိုင်ဘူးတဲ့ သူ့ရဲ့ စကားမှာ မညီ ..... အို ..... တစ်ကိုယ်ရည် ကြိုနေကြောင်း မညောင်းတောင်းပန်ပေးပါ့ ညအလှ ရာသီ (ဆောင်း)၄ ကြာခြည် ..... ခြုံကတ္တီလွှမ်း တုန်ရီချမ်း ပန်းရနံ့ သင်းကြည် ..... နှင်းဆီပွင့်ကလေး အဆင်းနီနှင့်မွှေး ..... ယှဉ်တွေးထားရင်းချီ လင်းကြက်ကလေး ပြူတင်းရဲ့ဘေး သတင်းပေးပါ့မေ့ဆီ ..... မှုန်ရီရီ ဆောင်းနှင်းကမကြည် ..... ဖိုးလမင်းတောင် ထွင်းဖောက်အလင်းရောက်မကြည် ..... အို ..... တစ်ကိုယ်ရည် ကြိုနေကြောင်း မညောင်း တောင်းပန်ပေးပါ့ ညအလှ ရာသီ (ဆောင်း)၄ ကြာခြည် .....။

No comments: