Friday, February 17, 2017
နှင်းပျောက်တဲ့နွေ .
https://www.facebook.com/nan.win.330/videos/742995849170195/
နှင်းပျောက်တဲ့နွေ . . . တေးရေး - ဦးသက်ဦး <> တေးဆို - ဒေါ်မာမာအေး Credit video - snuomwoani }{ . . . နှင်း…ငွေရောင်ဖြူလွှ တူစွသန္တာ…ပေ ငွေရည်ပုလဲနုတို့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ နှင်းတွေဝေကျ ဆောင်း…ဟေမန္တ ပြောင်း…နှောင်းပြန်တော့လေ . . ဟောင်းရွက်တွေ မြေမှာခ ကြွေကာကျတဲ့ အခါသမယမှာပဲလေ သြော်…နွေဦးရောက်ပြီ နှင်းလည်း…ပျောက်ပြီလေ . . . . နှင်းမှုန်ရီ ပုလဲ ငွေဥသဏ္ဍာန်တွေ မယ့်ရင်ထဲ စွဲလမ်းမျှော်မှန်း ရမ်းရော်နေဆဲမှာပဲ ရာသီအချိန်နှောင်း… ညောင်း…ခဲ့ပေါ့လေ လေရူးဆော်ကာ နောက်ချေပေါ့ ပျောက်လေပေါ့ နှင်းရေ နှင်းရေ ကြည်ကြည် ဖြူဖြူပါလေ ငွေမှုန်တွေခင်း သည်းနှင်းနဲ့ပဲလေ… ပျော်ပွဲဆင်လို့နေ ဘယ်ဝယ်ဘယ်လမ်းကိုဖြင့် မြန်းသလေ လွမ်းမပြေ တမ်းတမျှော်ရင်း နှင်း… နှင်းပျောက်တဲ့နွေ . . . (ချစ်တဲ့သူနှင်းရေ ရင်တွင်းမှာလေ . . စွဲရစ်နှောင်ဖွဲ့ပါလို့ မျှော်လေတဲ့ လွမ်းဘွဲ့ကိုစေ ရည်တူမျှတ သြော်…ကြည်ဖြူရမှ နှင်းကပေါ်မလာတော့ပေ ဟင်…တကယ်တမ်းဆန်းစစ်တော့ အိမ်မက်လေလား ဆောင်းနှင်းလေလား စိတ်မှာထွေပြား မခွဲခြားနိုင်ခဲ့ ကြင်ဖော်မဲ့ ကင်းတယ်လေ နှင်း…နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေ . . . . )၂ . . နှင်းမှုန်ရီပုလဲ ငွေဥသဏ္ဍန်တွေ မယ့်ရင်ထဲ စွဲလမ်းမျှော်မှန်း ရမ်းရော်နေဆဲမှာပဲ ရာသီအချိန်နှောင်း ညောင်း…ခဲ့ပေါ့လေ . . လေရူးဆော်ကာ နောက်ချေတော့ ပျောက်လေပေါ့ နှင်းရေ နှင်းရေ ကြည်ကြည် ဖြူဖြူပါလေ ငွေမှုန်တွေခင်း သည်းနှင်းနဲ့ပဲလေ ပျော်ပွဲဆင်လို့နေ ဘယ်ဝယ်ဘယ်လမ်းကိုဖြင့် မြန်းသလေ လွမ်းမပြေ တမ်းတမျှော်ရင်း နှင်း… နှင်းပျောက်တဲ့…နွေ . . ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment