Monday, May 08, 2017

ကြယ်ပွင့် ကလေးများ မချစ်ဝံ့ပြီ

“ကြယ်ပွင့် ကလေးများ မချစ်ဝံ့ပြီ” တေးရေးသူ ။ ။ စန္ဒယား ချစ်ဆွေ မူရင်းတေးဆိုသူ ။ ။ ပျဉ်းမနား ကိုမြင့် http://www.mediafire.com/file/7bex77tyaxezgpt/ Lyric typing by Chan Myae on Wednesday, May 2, 2012 at 10:50pm ( ညအမှောင်မှာ လရောင်က လင်းပြီ... ကဗ္မာလာနက် လွှမ်းခြုံသော ကောင်းကင်ပြင်ရဲ့ နောက်ခံကားဆီ ... စိန်ပွင့်ကလေးများပမာ ကြယ်တာရာ တလက်လက်တောက်ပသည် သြော် ...ပုပုရွရွ နုနုလှလှတွေပင် စိတ်ကူးယဉ်ညများ မယ် ရွှေလဆီဝယ် တိုင်တည်ကာတိုးတိုးလေး မေးကြည့်ရင်း ချစ်သူမျက်နှာကလေးများ ကြည့်တတ်ရင် မြင်နိုင်ပါပြီ .. အသည်းမှပင် သာယာကြည့်နူး စေမည်.......ချစ်စရာ ( လှလိုက်တဲ့ ... မိုးအလွှာ ပန်းချီ... )၂ ) ..... ။ ကျွန်တော် လည်းလေ ပုထုစဉ်လူသားပေမို့ အလှများကို မက်မောတတ်သော အသည်းတော့ ရှိပါသည် ဒါပင်မဲ့လည်း......လှတော့ အရာများဆို ( မချစ်ဝံ့တော့ ပါပြီ )၂ ကြယ်ပွင့်ကလေးများကို ညအခါမှာ မက်မောကြည်ဖြူ ရေပင်မဲ့ မနက်ဘက်မှာဘယ်မှာလဲ မရှာတတ်မှာကို စိုးရိမ်လှတော့သည်..... သြော် ခုတော့ ကျွန်တော်ကလည်း သိပါပြိ သိပါပြီ ခဏသာ တညသာအချစ်နှင့် ပစ်ခွါသွားကြတာတွေ အလီလီ ( ကြယ်ပွင့် ကလေးများ မချစ်ဝံ့ပြီ )၂ ... ။

No comments: